ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ Htet Myanmar Land Co.ltd နှင့် စိန်သီဟစိုက်ပျိုးရေးဆေးဆိုင်တို့ပူးပေါင်းဆောင်ရွက်သည့် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများမိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်သည်။