ဧရာဝတီတိုင်းဒေသကြီး

ကြံခင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများအား ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှေ့တွင် ကြေညာထားလျက်ရှိသည်။

ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အ​ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊  မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး၊ ဗလငါးတန်ပြည့်စုံလာစေရန်ရည်ရွယ်ကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းစုဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့၌ မဲရုံများတွင် မီးဘေးကြိုတင် ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် သရုပ်ပြလက်တွေ့ဆောင်ရွက် 

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ် (၄) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ၌ ဆောင်ရွက်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ ဦးသီဟန်စီ၊ အတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများအား မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး  မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများအား သရုပ်ပြလက်တွေ့ ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူမည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ဘက်စုံတည်ဆောက်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ သက်ရှည်ရတနာသာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အလှူငွေများ ပေးအပ်ခဲ့သည်။

ကျောင်းကုန်းမြို့ အ.ထ.က(ခွဲ) ဝက်ချောင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ ဝက်ချောင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း နွေစပါး စိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၌ ယနေ့နံနက်က အိမ်ထောင်စု တစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီရောင်းချပေးခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ကမ်းခြေတွင် ဧရာဝတီလင်းပိုင်ဟုခန့်မှန်းရသည့် ရေသတ္တဝါ တစ်ကောင် ကမ်းတင်သေဆုံးလျက်တွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်ကမ်းခြေတွင် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ဧရာဝတီလင်းပိုင် ဟု ခန့်မှန်းရသည့် ရေသတ္တဝါတစ်ကောင် ကမ်းတင်သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။  

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ စိုက်ပျိုးစရိတ်များကို အတိုးနှုန်းသက်သာစွာဖြင့် ရာသီအလိုက်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းမှ စတင်၍ ထုတ်ချေးပေးလျက်ရှိသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး