ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့တွင်  စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊​ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို  အောက်တိုဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီကကျင်းပခဲ့သည်။

ငွေဆောင်မြို့၌ ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၁၇ ရက်နံနက်(၁၀း၃၀)အချိန်က ဆေးလိပ်ငွေ့ကင်းစင်သော ငွေဆောင်ကမ်းခြေဒေသဖော်ဆောင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံမြို့ သဘော့ကန်ကျေးရွာအုပ်စုတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ အလယ်ချောင်းကျေးရွာတွင် ယမန်နေ့နေ့လည်ပိုင်းက သဘော့ကန်ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးးဦးဆောင်၍ ဆရာမများမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် မဲကုန်းအုပ်စုတွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်းစိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မဲကုန်းအုပ်စု တောင်သူ ဦးဇော်မင်းဦး ဥယျာဉ်ခြံ၊ (၁)ဧကအတွင် ယမန်နေ့နံနက်ပိုင်းက ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စုပေါင်း စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား၊ သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ် ပညာရေးဝန်ထမ်း သား/သမီးများ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများအား နိုင်ငံတော်မှ ချီးမြှင့်သော ဂုဏ်ပြုငွေနှင့်ပညာရေးဆု ပဒေသာပင်မှချီးမြှင့်သော ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားကို ပညာရေးမှူးရုံးရှိ “မြတ်ပညာ”ခန်းမ၌ အောက်တိုဘာ ၁၇ ရက်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပုသိမ်ဇုန်ကိုယ်စားပြု  အမျိုးသား၊ အမျိုးသမီးဘောလုံး အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနား ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့နံနက်က ၁၀ နာရီက ဟင်္သာတမြို့နယ် တောင်ကလုံကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာ ကွင်းအမှတ်(၁၅၉၂)၊ ဦးပိုင်အမှတ် (၇၆/၂)၊ တောင်သူ ဒေါ်ညိုညိုဆန်း၏ လယ်မြေ ၁၀ ဧကတွင် ပြုလုပ်ခဲ့သည်။

လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့် ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး​၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ တိုးပွားအောင် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်‌‌ရောင်စီမံကိန်း) ဖြင့်ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅−၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ ဆွေးနွေးပွဲအခမ်းအနား တက်ရောက်

၂၀၂၅−၂၀၂၆ ပညာသင်နှစ် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေးအတွက် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်‌ဆွေးနွေးပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အခြေခံပညာအထက်တန်းအဆင့်သင် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး