ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာ တန်ဆောင်ခန်းမတွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ပို့ဆောင်နှုတ်ဆက်

(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ရှေ့တွင် သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော် ပျော်ပွဲရွှင်ပွဲ Talk Show စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်ပျော်ပွဲရွှင်ပွဲ Talk Show စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။

ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက်တွင် ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်ရုံးပိတ်ရက် ယမန်နေ့ ညနေ ၆ နာရီတွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကျောင်းကုန်းမြို့၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းကြီးကြပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မဲစာရင်းများကွင်းဆင်းကြီးကြပ်ရေးအဖွဲ့(၂)မှ ဝက်ချောင်းတိုက်နယ်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြီးကြပ်ခဲ့သည်။

ကျုံပျော်၌ ပထမအကြိမ် မဲစာရင်းတွင် မဲဆန္ဒရှင်စာရင်း ၁၄၆၆၅၅ ဦးရှိ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲစာရင်းများကို  ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက် နံနက်မှ စတင်ကပ်ထားကြေညာပေးလျှက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ နေ့စဉ်လာရောက်ကြည့်ရှု လျှက်ရှိကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကမ္ဘာ့ဆရာများနေ့(World Teacher’s Day)အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ အောက်တိုဘာ၅ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ (World Teacher’s Day)အခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ အမျိုးသားခန်းမတွင် ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်အခြေစိုက်ပါတီများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်အခြေစိုက်ပါတီများ(ပထမအကြိမ်)တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့

၂၀၂၅ ခုနှစ် ယနေ့တွင်ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အ.ထ.က (၂) ကျောင်း၊ ဘုရင်နောင်ခန်းမ၌ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး