ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် MSME ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။