ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၆ ခုနှစ် မတ်လ (၁၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီတွင် ဇလွန် မြို့မစျေးသစ်ရှေ့တွင် စိုက်ထူခဲ့သည်။

ကြံခင်းမြို့နယ် မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့မှ ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုးမူကြိုကျောင်းတွင် အဟာရဒါနကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ ရွှေပန်းမြိုင်ဝေ ကိုယ်အားကိုယ်ကိုး မူကြိုကျောင်းတွင် မတ် ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ကာယဉာဏပြိုင်ပွဲများနှင့် အဟာရဒါနကျွေးမွေး လှူဒါန်းကြသည်။

မြန်အောင် မြို့မနေခြည်ဈေး မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၃ ရက်နေ့ ညနေ ၃ နာရီက မြို့မနေခြည်ဈေးရှေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စွမ်းဆောင်မှုဆိုင်ရာထူးချွန်မှု ဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မတ်လ(၂)ရက်နေ့ညနေပိုင်းက စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင်ဆုများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ စွမ်းဆောင်မှုဆိုင်ရာထူးချွန်မှု ဂုဏ်ထူးဆောင်ဆု ရရှိသူများ တက်ရောက်ခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်ဖလားဖိတ်ခေါ်အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းဖူဆယ် အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ငပုတောမြို့နယ် တောင်ကလေးကျေးရွာ အုပ်စုမယ်သီလကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု၊ မယ်သီလကျေးရွာတောင်ကလေးနယ်မြေစခန်းနှင့် (၁) မိုင်ခွဲ ခန့်ကွာဝေးသော ပိုင်ရှင် ဦးဇေယျာပြည့် (ဘ) ဦးကျားခင်စိန်၏ (၂၀x၂၀ပေ)၊ သွပ်မိုး၊ အုတ်ညှပ် ကွန်ကရစ်ခင်းလမ်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ တောင်ကလေး နယ်မြေမီးသတ်စခန်းသို့ ဖုန်းဖြင့်အကြောင်း ကြားလာပါသဖြင့် မီးသတ်တပ်ကြပ်ကြီး ဦးယဉ်ထွေးဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့က အပေါ့စားမီးသတ်စက်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)တို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက်သည့် သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတား တည်ဆောက်‌ရေးလုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို မှာကြားခဲ့သည်။

ဖျာပုံမြို့နယ်တွင် မဟာကမ္မဋ္ဌာနစရိယနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများအား ခရီးဦးကြိုဆို ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သာသနာတော်ဆိုင်ရာ မဟာကမ္မဋ္ဌာနစရိယနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသော ဆရာတော်ကြီးများအား ခရီးဦးကြိုဆို ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံမြို့၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်များ  ဆက်ကပ်လှူဒါန်းခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး