ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့များက မြန်အောင်မြို့နယ်အင်ပင်မြို့ပေါ်ရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် မြန်အောင်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကော်မတီဝင်များ ပါဝင်သော သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက မတ် ၅ ရက်နေ့နံနက်ပိုင်းက အင်ပင်ဈေးရှိ ဆေးဝါးရောင်းချသည့်ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။