ဟင်္သာတမြို့အကျဉ်းဦးစီးဌာနမှ အကျဉ်းသား/အကျဉ်းသူ ၁၁၅ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်ရှိ အကျဉ်းဦးစီးဌာနမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များအရ စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ(၁၁၅)ဦးအား လွတ်ငြိမ်းခွင့်ပြုသည့်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်၊ ဗိုလ်စောမောင်လမ်းရှိ၊ အကျဉ်းဦးစီးဌာန(ဟင်္သာတ)၊ သီးသန့်တရားရုံးတွင် ကျင်းပသည်။