ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်ရှိ နေကြာစိုက်ခင်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်တို့ရှိ နေကြာစိုက်ခင်းများကို ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေးဒရဲမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်းများ ခင်းကျင်းပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ  ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်  ကျေးရွာချင်းဆက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်​နေမှုအား ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ​(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေး ရည်ရွယ်၍ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား၊ တိုက်နယ်ပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ (၃၁) ရက်နေ့က စတင်ကျင်းပရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအား ဖေဖော်ဝါရီလ(၁၂)ရက်နေ့‌ နေ့လယ်ပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်၌ ကုတင်(၁၀၀)ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းနှင့် ဝန်ထမ်းများက ဘိုကလေးမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် လူဦးရေ(၅၀)အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးသည်။

အင်္ဂပူမြို့နယ် Power-9 စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ Power-9 စက်သုံးဆီဆိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး‌ ဆောင်ရွက်ထားမှုများကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရွှေသောင်ယံမြို့ကမ်းခြေသို့ ရုံးပိတ်ရက်ကျောင်းပိတ်ရက်များအတွင်း လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြိုမှ ကမ်းခြေများဖြစ်သည့် ရွှေသောင်ယံကမ်းခြေ၊ Sea&Lake ကမ်းခြေ၊ ကျောက်မောင်နှမကမ်းခြေတို့တွင် ယခု ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်ကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်ကို တွေ့ရသည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ရွှေသောင်ယံကမ်းခြေ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရွှေသောင်ယံကမ်းခြေ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ( ၅ )နာရီအချိန်က ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ဘိုကလေးမြို့နယ်တွင် အသက် (၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင်အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀) ဆေးရုံဟောင်းတွင် ယနေ့နံနက် (၉) နာရီက အသက်(၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင် အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး