ကြံခင်းမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ယနေ့ နံနက်ပိုင်းက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားအလွတ်တန်း အမှတ်ပေး ဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများနှင့် ဖူဆယ်ဘောလုံးအသင်းများ၊ ဘောလုံးချစ်ပရိသတ်များ တက်ရောက်ကြသည်။