ဧရာဝတီတိုင်းဒေသကြီး

ညောင်တုန်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှ ဘာသာရပ်အလိုက် သင်ကြားပို့ချသည့်အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့် အခမ်းအနားအား ဇန်နဝါရီလ ၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် (မူလွန်)ဆုံကုန်း/ ဆုံကွဲကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က (မူလွန်) ဆုံကုန်း/ ဆုံကွဲကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် (၇၉)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့  မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ဖေဖော်ဝါရီ ၃ ရက်နေ့နံနက်(၈)နာရီခွဲ အချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။

ရွှေသောင်ယံကမ်းခြေ ဒေသလှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ဖေဖော်ဝါရီ ၂ ရက်နေ့မွန်းလွဲ (၂)နာရီက  ရွှေသောင်ယံကမ်းခြေဒေသ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သဲကုန်းကျေးရွာအုပ်စု အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အင်္ဂပူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ ပရိယတ္တိသာသနနုဂ္ဂဟ စာမေးပွဲ/စာပြန်ပွဲ စာအောင်ဆုနှင်းသဘင်ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံပရိယတ္တိသာသနနုဂ္ဂဟ စာမေးပွဲ/စာပြန်ပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားပြုလုပ်ခဲ့သည်။

ကျုံပျော်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

လူငယ်များ ခိုင်မြဲသော ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထက်သန် နိုးကြားနေစေရန်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကိုသိရှိပြီး နိုင်ငံတော်ထာဝရငြိမ်း‌ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်စေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ၊ ကျုံပျော်မြို့တွင် ဖေဖော်ဝါရီ ၃ ရက်နံနက် ၈ နာရီက ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်(၉) နာရီက ပြည်လုံးချမ်းသာသာသနာ့ဗိမာန်နှင့် လေးထပ်‌‌ကျောင်းတိုက်ဓမ္မာရုံတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃) ရပ်ကွက်၊ စုပေါင်းရုံးလမ်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့ ဧက(၁၀၀)စိုက်ခင်း၌ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးသရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စံပြဧက(၁၀၀) ကွင်းတွင် ယနေ့နက်ပိုင်းက အောင်နိုင်တိုးနွေစပါးအား (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲအား ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ကြသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး