မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်း၌ ဖျော်ဖြေရေး အဖွဲ့များဖြင့် ကျင်းပခဲ့သည်။