ဒေးဒရဲမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အခြေခံပညာအလယ်တန်းကျောင်းများရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။