မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ဖြူးမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၉) နာရီခွဲက စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။