ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၆ ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။