ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မင်းလှ၌ (၇၇) ကြိမ်မြောက် သုံးမြို့နယ် ဝိနယဓမ္မာနုဂ္ဂစာမေးပွဲအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၇၇) ကြိမ်မြောက် သုံးမြို့နယ်ဝိနယဓမ္မာနုဂ္ဂစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ရဟန်း၊ သာမဏေများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်း အနားကို ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီချိန်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာ ပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီနှင့် နေ့လယ် ၁ နာရီတို့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

ပဲခူးမြို့၊ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ဖေဖော်ဝါရီ (၁၅) ရက်‌နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ရွှေမော်‌ဓောစေတီတော်မြတ်ကြီး အတွင်းလှိုဏ်အထဲရှိ တည်ဆောက်ထားသော ဆွေးမြေ့သံဘောင်များ ပြုပြင်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ကဝမြို့နယ်တွင် ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအသိပညာပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ နိဗ္ဗာန်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဦးစီးဌာနခွဲမှ ဦးဆောင်မှုဖြင့် ကွင်းအမှတ် ၁၁၃၁၊ ဦးပိုင်အမှတ် (၁၅/၁)  တောင်သူဦးကျော်ဝင်းစိန်၏ ပဲတီစိမ်း(စံပြ)စိုက်ခင်း(၁၀)ဧက၌ ပိုးသတ်ဆေးဓါတ်ကြွင်းကင်းစင်သည့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းအသိပညာပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီက ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်သို့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူ ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပေါင်းတည်မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။

မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဈေးအားလုံးမှ ဈေးသူဈေးသားများနှင့် မြို့နေပြည်သူများမီး‌ဘေးအန္တရာယ် ကင်းဝေးပြီး အေးချမ်းစွာ ဈေးရောင်းဈေးဝယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မင်းလှမြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုဝန်းကြီးဦး လှမိုးမှ ပန်းတောင်းမြို့နယ်ရှိ သမဝါယမအသင်းသားများနှင့်တွေ့ဆုံ၍ ‌ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး ဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်ရှိ ရွှေအိုးစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်း၊ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများနှင့် တွေ့ဆုံ၍ ယမန်နေ့နံက်ပိုင်းက ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ဂရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကွေ့ကြီးကျေးရွာအုပ်စု၌ မြစ်ကျိုးကျေးရွာနှင့် ပုဂံကျေးရွာတို့ကို ဆက်သွယ်သည့် မင်္ဂလာကွန်ဂရစ် လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈နာရီခွဲက မင်္ဂလာကွန်ဂရစ် လမ်းသစ်ထိပ်မုဒ်ဦး၌ ကျင်းပသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးလှမိုး သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကန်နှစ်ဆင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး