ပြည်ထောင်စုဝန်းကြီးဦး လှမိုးမှ ပန်းတောင်းမြို့နယ်ရှိ သမဝါယမအသင်းသားများနှင့်တွေ့ဆုံ၍ ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး ဦးဆောင်သောအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကန်ရပ်ကွက်ရှိ ရွှေအိုးစက်မှုလက်မှု ကုန်ထုတ်သမဝါယမအသင်း၊ အိုးလုပ်ငန်းလုပ်ကိုင်သော သမဝါယမအသင်းသားများနှင့် တွေ့ဆုံ၍ ယမန်နေ့နံက်ပိုင်းက ထုတ်လုပ်မှုလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။