ပဲခူးတိုင်းဒေသကြီး

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၂၆)နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကျင်းပ

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ  ဗုဒ္ဓမြတ်စွယ်တော်  (၁၂၆)နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများ ပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်စည်ပင်သာယာဈေးအား ကြည်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖြူးမြို့နယ်၌ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာ​ပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ​မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)စား ရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စားရေရိက္ခာ ဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးပြီးစီး

ကြံစိုက်ပျိုးဧက များစွာရှိသော ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၁၂၃၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်မြို့ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကမ်းနားလမ်းရှိ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးအကြံပြုဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်မီးသတ်ဦးစီးဌာနမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် အ.ထ.က(ရွှေတောင်)ကျောင်း၏ (၅၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ရွှေတောင်)ကျောင်းမှ (၅၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးရင်းပွဲဈေးလည်ပတ်ကြသူများ အထူးစည်ကား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ရက်က စတင်ကျင်းပလျက်ရှိရာ စေတီတော်ရင်ပြင်နှင့် ပွဲဈေးတန်းများတစ်လျှောက်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းပွဲဈေးလာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ပန်းတောင်းမြို့နယ်တွင် အ.ထ.က (ပန်းတောင်း) ကျောင်း၏ (၆၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာကျင်းပ

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ပန်းတောင်း)ကျောင်းမှ (၆၄) ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက် စွာကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများကျင်းပ

အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်ပညာရေးမှူး ရုံးခန်းမနှင့် အထက(၁) ကျောင်းတို့၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး