တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းကာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။