ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မဲရုံပြင်ဆင်ထားရှိမှု မှန်၊ မမှန် ကွင်းဆင်းစစ်ဆေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရေတာရှည်မြို့နယ်အတွင်းရှိ မဲရုံများ စနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယနေ့နံနက်ပိုင်း ၉ နာရီမှစတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။