ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား  မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံပေါ်ရေကျော်ခြင်း ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၊ မြို့မ(၁)ရပ်ကွက်၌ ဇူလိုင် ၂၃ ရက် နံနက်(၆)နာရီအချိန်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာတမံပေါ်ရေကျော်ခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့သည့် မိသားစုအား ပြောင်းရွှေ့စရိတ်ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရွှေခဲကျေးရွာအုပ်စု၊ ရွှေခဲကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသည့် နေအိမ်တစ်လုံးမှ မိသားစုအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ပြောင်းရွှေ့စရိတ်နှင့်ဆန်ရိက္ခာဖိုး သွားရောက်‌ပေးအပ်ခဲ့ကြောင်းသိရသည်။

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(မူလွန်) သူဌေးကုန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်သရုပ်ပြနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းပြည့်မီရေး၊ မြေသြဇာစနစ်တကျနှုန်းထားမှန်ကန်စွာ ကျွေးမွေးနိုင်ရေး၊ အချိန်ကိုက်သုံးစွဲနိုင်ရေးနှင့် မြင့်မားသောအထွက်နှုန်းစွမ်းရည်ကို သိရှိနိုင်စေသည့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ မင်းဂံရိုးကျေးရွာတောင်သူဦးဗီဂျေး၏ ကွင်းအမှတ်၂၆၂/(က) ဆင်းသုခမိုးစပါး(၆)ဧကစိုက်ခင်းတွင် ယမန်နေ့ နံနက်(၁၁)ခွဲအချိန်က ဓါတ်မြေသြဇာနှင့် သဘာဝမြေသြဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ) တို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၌ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု ကောက်ယူမည့် ပုံစံများ ဖြည့်သွင်းခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ကြီးမှူး၍ ပဲခူးဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက စနစ်တကျစစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး၊ ပျက်စီးဆုံးရှုံးမှုစာရင်းများ အချိန်နှင့်တစ်ပြေးညီ စုစည်း၍ စာရင်းအင်းအချက်အလက်များ အရည်အသွေးကောင်းမွန်စေရန်နှင့် အချက်အလက်ဖြည့်သွင်းမှု တပြေးညီဖြစ်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုကောက်ယူမည့် ပုံစံများ ဖြည့်သွင်းခြင်း ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင် ဗဟိုစာရင်းအင်းအဖွဲ့ရုံး၌ ဖွင့်လှစ်သင်ကြားပို့ချသည်။

ထန်းတပင်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့်‌ သွေးလွန်တုပ်ကွေး‌ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ထန်းတပင်) ပင်လုံခန်းမတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ စာသင်ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ဖြူးမြို့နယ်၌ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကိုယ်ရေးအချက်အလက် (Biographic)၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့် Smart Card များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) စနစ်ဖြင့် Smart Card များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity စနစ်ဖြင့် Smart Card များ ဆောင်ရွက်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လ (၂၁) ရက်နေ့ ယနေ့ နံနက်ပိုင်းက စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး