ပဲခူးတိုင်းဒေသကြီး

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth  Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Youth Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်နေ့လယ်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အ.ထ.က(မြို့မ)၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ အစိုးရဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အစိုးရဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ရက်များတွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပေါင်းတည်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံတွင် လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ‌ရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာတရားစခန်းတွင် တိုင်းရင်းဆေးဖြင့် ကွင်း‌ဆင်း‌ဆေးကုသပေး

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူး၏ကြီးကြပ်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ဖြူးမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ ယမန်နေ့ည​နေပိုင်းက ဖြူးမြို့နယ် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာအဖွဲ့ခွဲအမှတ် (၁၂၇)၌ တရားစခန်းဝင်နေကြသော ယောဂီများအား တိုင်းရင်းဆေးဖြင့် ကွင်း‌ဆင်း‌ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်၊ ကွာရီကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊  လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား(၃၆)ဦးအတွက်(၂၀၉၀၀၀၀၀)ကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား (၆၁)ဦးအတွက် (၁၉၇၅၀၀၀၀)ကျပ် စုစုပေါင်းအသင်းသား (၉၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၄၀၆၅၀၀၀၀)ကျပ်ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေး ရွာဓမ္မာရုံတွင် ချေးငွေထုတ်ချေးခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင် ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးကြိုတင်ကာကွယ်‌ရေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မိုးကြိုးဘေး၊ ရေဘေး၊မြေပြိုဘေး၊ ငလျင်ဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာ‌ပေးနှိုး ဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

(၃၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၂)ကြိမ်မြောက်လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တောင်ငူမြို့၊ အ.ထ.က (၅) ၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနနှင့် တောင်ငူမြို့နယ် သစ်တောဦးစီးဌာနတို့ ဦးဆောင်ကာ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့၊ အ.ထ.က (၅)၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး