ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စီစဥ်မှုဖြင့် ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင် ရှမ်းကန်၊ သပြုလမ်းမကြီးဘေး၌ Integrated Coastal Management Programme (ICM) ပင်လယ် ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်သစ်တောသစ်ပင်များ စိမ်းလန်း စိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ကဝမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" စိန်ဖူးတော်နှင့် ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ဗိုလ်ရုံသီလရှင် ကျောင်းတိုက်အတွင်းရှိ "ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး အရှင်မုနိန္ဒဘိဇေ၏ အထိမ်းအမှတ် စေတီတော်မြတ်" အား စိန်ဖူးတော်နှင့် ရွှေထီးတော်တင်မင်္ဂလာအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ "သဲတစ်ပွင့်ပရဟိတ" လူငယ်များ၏ကူညီပံ့ပိုးမှု၊ စာရေးဆရာအသင်း၏ ဦးဆောင်မှုဖြင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပသော အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ  ကွင်းဆင်းဆေးကုသပေးနေမှုအား သွားရောက်ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက  ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်းရှင်၊ လူ ပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ” စာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမနှင့် အ.ထ.က (သရက်တော) ကျောင်းတို့တွင် ယမန့်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကျောင်းသား/သူ၊ မိဘပြည်သူများအနေဖြင့် ကြိုတင်ခန့်မှန်း၍မရနိုင်သော နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့် ငလျင်ဘေးအန္တရာယ်မှ အသက်အန္တရာယ်ကင်းရှင်းစေရေးအတွက် နေထိုင်ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာသိရှိထားရန် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပညာပေးသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အ.ထ.က (ဥသျှစ်ပင်)တွင် ကျင်းပခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့၌ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦး‌ဆောင်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မိုးညို) စာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး