ဝေါမြို့နယ်၊ အောက်ကွေ့ကြီးကျေးရွာ အ-လ-က ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ဇွန် ၂၅ ရက်နေ့ မွန်လွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်း (အောက်ကွေ့ကြီး) ကျောင်း၌ ကျင်းပသည်။