ပဲခူးတိုင်းဒေသကြီး

ပေါင်းတည်၌ မိုးစပါး ၄၂၄၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းဆောင်ရွက်

 ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မိုးစပါး ၄၂၄၅၂ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာတို့မှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် မွေးမြူရေးစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးနှင့် MSME ကုန်ထုတ်လုပ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာ အ.ထ.က ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်း (မြစ်ကျိုး)ကျောင်း၌ ကျင်းပသည်။

(ရွှေတောင်)အ.ထ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာရေးဌာနနှင့်အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက (ရွှေတောင်)အ.ထ.က အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန် ၂၃ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ် စံရွေးအုပ်စု၊ စံရွေးကျေးရွာအနီးတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ​သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စံရွေးအုပ်စု၊ စံရွေးကျေးရွာအနီးတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်မခမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများပြိုကျခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် အခြေခံပညာမူလတန်းလွန် ​ကြက်သွန်ခင်း(၁)ကျောင်း၌ သန့်လေးသန့်အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား တကိုယ်ရေသန့်ရှင်းမှုရှိစေရေးနှင့် ရောဂါဘယကင်းဝေးစေရေးအတွက်ရည်ရွယ်၍ သန့်လေးသန့်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာမူလတန်း လွန် ကြက်သွန်ခင်း(၁)ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပြည်မြို့ PEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ PEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး "လူငယ်စကားဝိုင်း" ကျင်းပရာ အဆိုပါကျောင်းမှကျောင်း အုပ်ကြီးနှင့်  ဆရာ၊ ဆရာမများ၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများ ၁၅၀ခန့်တက်ရောက်ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊  ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီအစည်းအဝေးကို ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး