ပဲခူးတိုင်းဒေသကြီး

သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၆၀၉) ဦးအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ဇွန် ၂၃ ရက်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် တော်ဝင်နဂါးကုမ္ပဏီလီမီတက် အထူးကုနယ်လှည့်အဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ(၂၅ - ၆ - ၂၀၂၅) ရက်နေ့မှ( ၂၁ - ၆ - ၂၀၂၅) ရက်နေ့ထိရွှေတောင်အမှတ် (၁) ချည်မျှင်နှင့် အထည်စက်ရုံ၊ သဘာဝဓာတ်ငွေ့စက်ရုံ၊ ပြည်တောင်တန်းရေနံမြေနှင့် မြို့ပေါ်ရပ်ကွက်များရှိ အာမခံအလုပ်သမားများကို ရွှေမျက်မှန်ဘုရားဓမ္မာရုံတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီးက ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ခုတင် ၁၀၀ ဆေးရုံကြီးမှ ဓာတ်မှန်ဆရာဝန်ကြီး ဒေါက်တာခိုင်ဆွေဆွေညွန့် ဦးဆောင်သော ဆရာဝန်ကြီးနှင့် ဆေးအဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို သာယာဝတီခရိုင်အတွင်းရှိ နတ်တလင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံတန်းမြို့နယ်၊ ဇီးကုန်းမြို့နယ်များရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသအတွင်း ငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုဥ်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တောင်းတံတားအနီး၌ ကျင်းပသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို  ယနေ့နံနက်(၈)နာရီက သနပ်ကွင်းကျေးရွာ၌  ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "အမျိုးသမီးသက်မွေးပညာသင်တန်း" ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  "အမျိုးသမီးသက်မွေးပညာသင်တန်း" အခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက် တက်ရောက်ချီးမြှင့်ပေးခဲ့ သည်။

သဲကုန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိညာပေးဟောပြောပွဲ၊ စာစီစာကုံးနှင့်ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သဲကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သောတိရိစ္ဆာန်မွေးမြူရေးကျင့်စဉ် (GAHP) သင်တန်း ဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးလုပ်ကိုင်သူများအား ကောင်းမွန်သောတိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များသိရှိစေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး မွေးမြူရေးနည်းစနစ်များ ဖြန့်ဝေပေးရန်ရည်ရွယ်၍ ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်(GAHP)သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး