ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ်စိုးဦးဟန် သာယာဝတီခရိုင် မြို့နယ်နှင့် လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးကော်မတီဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် တွေ့ဆုံ
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(ပြည်) ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့်အဖွဲ့ဝင်များသည် သာယာဝတီခရိုင် မြို့နယ်နှင့်လက်ပံတန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီဝင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက (၂)လမ်း မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။