ပဲခူးတိုင်းဒေသကြီး

အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့က အ.မ.က တောင်ကုန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့က အမှတ် (၁) ရပ်ကွက် ဦးမျိုးလွင်ဦးနေအိမ်ခြံဝန်း၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ (Biochar)ဇီဝမီးသွေးမြေဩဇာ ထုတ်လုပ်နည်း တောင်သူများအား လက်တွေ့သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဒေသခံတောင်သူများအား (Biochar)ဇီဝမီးသွေးမြေဩဇာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်ကျေးရွာဇရပ်တွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွား စေရန်နှင့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွား စေရန်နှင့် လူတော်လူကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီက သစ်နဖားရွာအခြေခံပညာ အလယ်တန်း ကျောင်း၌ ပြုလုပ်သည်။

ပဲခူးမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် အခွန်ဘဏ္ဍာငွေတိုးတက်စေရေး၊ ပြေစာများ အပေါ်အခွန်အမှတ်တံဆိပ် ကပ်နှိပ်ဆောင်ရွက်စေရေး၊ အခွန်ကြွေးကျန်များ၊ အခွန်တိမ်းရှောင်မှုနှင့် အခွန်လွတ်ကင်းမှုမရှိစေရေး အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက မြို့နယ်လူငယ်စင်တာအစည်းအ​ဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ညောင်လေးပင်မြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုး သမီးများနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်ညောင်ခြေထောက် စိုက်ပျိုး/ မွေးမြူရေးအထက်တန်းကျောင်း Grade-10 မှ ကျောင်း သား မိဘများနှင့်တွေ့ဆုံ၍ ကျောင်း သား ဦး ရေအင်အားပြည့် တက်ရောက်နိုင်ရေးနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ နေစိုး ဦးဆောင်၍ အုတ်တွင်းမြို့နယ်ညောင်ခြေထောက် စိုက်ပျိုး/မွေးမြူရေး အထက်တန်းကျောင်းတွင် မွေးမြူရေး ကျောင်းသား/ကျောင်းသူဦးရေ အင်အားပြည့်တက် ရောက်နိုင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ် လူငယ့်အားမာန် မူလတန်းလွန်ကျောင်း၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန် မူလတန်းလွန်ကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဖြူးမြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

​ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့၌ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့​မှကြီးမှူး၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ပန်းတောင်း) သီရိရတနာခန်းမ၌ ကျင်းပသည်။

ပေါင်းတည်၌ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် အကျိုးပြုစာပေစာကောင်း
Subscribe to ပဲခူးတိုင်းဒေသကြီး