ပဲခူးတိုင်းဒေသကြီး

ခပေါင်းဆည်ရေသောက် နွေစပါးနှင့် နွေသီးနှံစိုက်ဧကများ ​အောင်မြင်ဖြစ်ထွန်း

ခပေါင်းရေလှောင်တမံသည် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း တည်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏမှာ (၈၇၈၅၇၀) ဧကပေဖြစ်ပြီး နှစ်စဥ် နွေစပါးနှင့် နွေသီးနှံများကို ဆည်ရေပေးဝေလျက်ရှိသည်။

ဒိုက်ဦးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

အုတ်ဖိုမြို့နယ် ဆိုလာရေတင်စနစ်ဖြင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထားမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဆင်ဂေါင်းကျေးရွာအုပ်စု၊ အညာတန်းကျေးရွာတွင် ဆိုလာရေတင်စနစ်ဖြင့် တစ်ကွင်းတစ်ဆက်တည်း ဟင်းသီးဟင်းရွက်စိုက်ပျိုးထားရှိမှုအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းနှင့် UID ကောက်ယူမှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်အထက် ပြည်သူများအား အစိုးရသစ်ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း နှင့် UID ကောက်ယူ မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၀ ရက်နေ့မှစတင်၍ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း (ကျွဲပွဲ) ကျောင်း၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဆွေးနွေးမှု သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်) KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့်မူကြို သင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဆွေးနွေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများအရောက် ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများ ကာကွယ်ဆေးထိုးခြင်းကို မေ ၈ ရက်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဆေးရုံ​ကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါင်းတည်၌ တောင်သူများအား စပါးစိုက်ပျိုးရေးအတွက် မျိုးစေ့ချကိရိယာများ ဆက်လက်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် မြို့နယ်အသီးသီးရှိ တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder) များ ဖြန့်ချိပေးလျက်ရှိရာ မေ ၈ ရက်နေ့က ပေါင်းတည်မြို့နယ်အတွင်းရှိ တောင်သူများအား ဒုတိယအကြိမ် ဖြန့်ချိပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေး 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

တောင်ငူ၌ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ယနေ့နံနက်ပိုင်းက ဆိတ်ဖူးတောင်ကျေးရွာ၊ ကယ်တင်ခြင်းဘုရားကျောင်းခန်းမတွင် ရက်(၁၀၀)စီမံချက် “ပျားမွေးမြူရေးပညာပေးသင်တန်း”  ဖွင့်လှစ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး