အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေး ကုသမှုဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကု ဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့နံနက် ၇ နာရီအချိန်က အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။