သာယာဝတီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် လက်တွေ့သရုပ်ပြမဲပေးခြင်း အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သဲဖြူအုပ်စု ဇလုပ်ကျေးရွာဘုန်းကြီးကျောင်းတိုက်အတွင်း နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်