ပေါင်းတည်၌ တက္ကသိုလ်ကောလိပ် ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦး ကြိုတင်ဆန္ဒမဲပေးခဲ့
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲ မဲဆန္ဒနယ်မှ ပြင်ပထွက်ခွာ၍ တက္ကသိုလ်ကောလိပ် ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၆၁) ဦး ကြိုတင်မဲ ပေးခဲ့ကြကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများထံမှ သိရသည်။