သဲကုန်းမြို့နယ်ရှိ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးအရောင်းဆိုင်များတွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း အများဆုံးစိုက်ပျိုးသော နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့တွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေးအတွက် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။