ပဲခူးတိုင်းဒေသကြီး

မင်းလှမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမှတ် (၂) ရပ်ကွက်၊ ကန်ကြီးတန်းလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို (သင်္ကြန်အကြိုနေ့) ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် အတာသင်္ကြန် စတုဒီသာကျွေးမွေးခြင်းနှင့် လမ်းလျှောက်သင်္ကြန်ဆင်နွဲ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်သော ရှေးထုံးစဉ်လာများနှင့်အညီ စတုဒီသာ​ကျွေးမွေးလှူဒါန်းခြင်းနှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ဧပြီ ၁၃ ရက် နံနက် ၉ နာရီက မြို့မဈေး (၁) လမ်း၌ ဖွင့်လှစ်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်အကြိုနေ့ဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ စျေးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ဧပြီလ (၁၃) ရက်နေ့၊ နံနက် (၉) နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းမ၊ မြို့နယ်ခန်းမရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်တွင် ရေပက်ကစားသူတို့ဖြင့်စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ သင်္ကြန်အကြိုနေ့ မဏ္ဍပ်ဖွင့်ပွဲနှင့် လမ်းလျှောက်သင်္ကြန်တွင် ရေပက်ကစားသူတို့ဖြင့်စည်ကား

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကြိုနေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား အေးချမ်း‌ပျော်ရွှင်စွာ ဖွင့်လှစ်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ယနေ့နံနက် ၉နာရီကစ၍ မြို့အလယ် ဗိုလ်ချုပ်ကျောက်ရုပ်အနီး၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်တို့ဖြင့် အေးချမ်းပျော်ရွှင် စည်ကားသိုက်မြိုက်စွာဆင်နွှဲလျက်ရှိသည်။

ဖြူးပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသော လူနာများအား ကုသ​ပေးနိုင်ရေး ပြင်ဆင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် ပူပြင်းသည့် နွေရာသီကာလ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသော လူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်၊ ရေကစားသူများစည်ကား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း မိဘပြည်သူများစိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကြခတ်ရပ်ကွက်၊ ပန်းတောင်း-တောင်ကုတ်ကားလမ်းမကြီးဘေး (မြို့နယ်ထွေ/အုပ်ရုံးနှင့် မြို့မရဲစခန်းရှေ့) တွင်ကျင်းပသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး