စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ လဟယ်မြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့် စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ဒေသ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများမဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်‌တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စန္ဒကူးရပ်ကွက်ရှိ ဂေါ်ရခါးဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်ပြီး ကလေးငယ်များ ရောဂါဘယကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းက ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှု မဲစာရင်းပါရှိမှု ရှိ၊ မရှိ သိရှိနိုင်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် Door to Door (တစ်အိမ်တက်ဆင်း)ကွင်းဆင်းကောက်ယူရေးအဖွဲ့များက တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းကို နိုဝင်ဘာ ၃၀ ရက်က မြို့ပေါ်ရပ်ကွက် ( ၅) ခု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင်များမီးဘေးအန္တရာယ် ကင်းစေရေးတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင် မြတ်တိုးတို့ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီ အချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀) ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ရှိကြောင်းသိရသည်။

တမူးမြို့၌ မဲဆန္ဒရှင်အမည်စာရင်း မြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

‎‎စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရာတွင် အဓိကကျသည့်မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် မဲစာရင်းများမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူမှုအား လိုက်လံစစ်ဆေး

ဟုမ္မလင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး မြေမြင်တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟုမ္မလင်းရပ်ကွက်၊ နောင်ပကျစ်ရပ်ကွက်၊ ခိုပဲဝရပ်ကွက်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေဘိုမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ‌ရွှေဘိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် ယနေ့နံနက်ပိုင်းကမြို့ပေါ်ရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်း၍ လိုက်လံစစ်ဆေးခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး