ဟုမ္မလင်းမြို့နယ်၌၂၀၂၆ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် (၆၄) ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေသြဇာအသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မတ်လ(၂)ရက်နေ့တွင် ကရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကွင်းအမှတ်(၆) နားသဲ၊ ပါမလုံကျေးရွာရှိ တောင်သူဦးဘငွေ၏ မိုးစပါးအပြီး ဆောင်းမြေပဲသီးထပ်စိုက်ခင်းတွင် မြေပဲအထွက်နှုန်းတိုးတက်ရေးအတွက် ယမန်နေ့ နံနက်ပိုင်း(၉)အချိန်တွင် ရွက်ဖျန်းမြေသြဇာအသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့သည်။