စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Inter-Disciplinary Hackathon ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ Jnter-Disciplinary Hackathon ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ဘွဲ့နှင်းသဘင်ခန်း မတွင်ကျင်းပပြုလုပ်ရာအခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။