စစ်ကိုင်းတိုင်းဒေသကြီး

ကျွန်းလှမြို့နယ်၌ စားသုံးဆီများဈေးနှုန်းသက်သာစွာရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီကုန်သည်များအသင်းနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီများကို ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းတွင်း မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သာည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြင်းမူမြို့တွင် မဲရုံများ ပြင်ဆင်ခင်းကျင်းထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  မြင်းမူမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ၌ မဲပေးစက်များ တပ်ဆင်ခင်းကျင်းထားရှိမှုအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း    ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့၌ MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျပြင်ဆင်ဆာင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ ၂၀၂၆-ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီက မဲရုံအသီးသီးတွင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံဟင်းသီးဟင်းရွက်စုံ ၇,၅၁၅ ဧကစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် တစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း၊ တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် လည်းကောင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ လူငယ်‌ရေးရာအသိပညာ‌ပေးဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး‌ ဟောပြောပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကိုကို ဇန်နဝါရီလ (၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဥ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်(၈)နာရီမှ (၁၂)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေဘိုမြို့၌ တည်းခိုခန်းများ မီးဘေးလုံခြုံရေးစစ်ဆေး

‎စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွေဘိုမြို့နယ်အတွင်းရှိ တည်းခိုခန်းများမှတစ်ဆင့် မီးလောင်မူနှင့် မီးလန့်မူများမဖြစ်ပေါ်စေရေးအတွက် ဇန်နဝါရီလ (၇)ရက်နေ့ နံနက်(၁၀)နာရီတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရွှေဘိုမြို့နယ်အတွင်းရှိ တည်းခိုခန်း (၁၆)ခုသို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိမူအား စစ်ဆေးပြီး တည်းခိုခြင်းမရှိသည့် အခန်းများမိန်းချထားရန် တည်းခိုခန်းများတွင် ရေနွေးဂေါက်အိုးများမထားရန် မီး​လောင်မူမီးလန့်မူဖြစ်က လက်ဦးမူရယူငြှိမ်းသတ်၍ အချိန်နှင့်တစ်ပြေးညီ မီးသတ်စခန်းသို့ အကြောင်းကြားရန် အကြံပြုခဲ့ပြီး မီးသတ်ဆေးဘူးအသုံးပြုပုံများအား ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ကျောက်စိမ်းဖရဲသီးခင်းများ အောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကျောက်စိမ်းဖရဲသီး(ဟီရာ)ခင်းများ အောင်မြင်ဖြစ်ထွန်းကာ မကြာမီခူးဆွတ်ရောင်းချနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး