စစ်ကိုင်းတိုင်းဒေသကြီး

တမူးမြို့တွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ မြိုသန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက တမူး-နန်းဖာလုံသွားလမ်းမကြီး လမ်းဘေးဝဲ/ယာတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့မစျေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ရာ ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားနှင့် MSME ဈေးရောင်းပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ၊ ပုဂ္ဂိလကျောင်းများ၊ ဆေးရုံများနှင့် ဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်၊ ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယနေ့နံနက် ၉ နာရီက မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့ စွာဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၁ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြသလ္လာခန်းမ၌ ကျင်းပခဲ့သည်။

ဟုမ္မလင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးတတ်‌မြောက်မှု စစ်‌ဆေးခြင်းစာမေးပွဲ တတိယနေ့ဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအဆင့် နှစ်ဆုံးတတ်‌မြောက်မှု စစ်‌ဆေးခြင်း‌စာမေးပွဲတတိယနေ့  သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယနေ့နံနက်(၉)နာရီအချိန်က စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ တောင်သူအကျိုးပြုသီးနှံစမ်းသပ်ကွက်ရလဒ်များ စာတမ်းဖတ်ပွဲအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်" တောင်သူအကျိုးပြု သီးနှံစမ်းသပ်ကွက်ရလဒ်များစာတမ်းဖတ်ပွဲ "အခမ်းအနားကိုယနေ့မွန်းလွဲ (၁) နာရီအချိန်က ဟုမ္မလင်းမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုံရွာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို

မုံရွာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ရက်နေ့နံနက် ၉ နာရီက သက်ဆိုင်ရာစာသင်ကျောင်းများ၌ စတင်ဖြေဆိုကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးအား သွားရောက်ကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများသည် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ Grade–6 ၊ Grade–7 Grade–8 ၊ Grade–10 ၊ Grade –11 ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေး ဆက်လက်တိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်အောက်ကလေးများအား ပိုလီယိုကာကွယ်ဆေးကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး