စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးအား သွားရောက်ကြည့်ရှု

မုံရွာ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများသည် ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိရာ Grade–6 ၊ Grade–7 Grade–8 ၊ Grade–10 ၊ Grade –11 ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ဝန်းအတွင်း အလျား - ၁၂၀ ၊ အနံ - ၃၀ ပေ၊ အမြင့် - ၁၂ ပေရှိ RC ၁ ထပ်ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိရာ Grade – 6 ၊ Grade – 7 Grade – 8 ၊ Grade – 10 ၊ Grade – 11 ကျောင်းသား၊ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စိတ်အေးချမ်း သာစွာဖြင့် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးလွှတ်တော်ရုံးအကြီးမှူးက လွှတ်တော်ဖွဲ့စည်းပုံအဆင့်ဆင့်၊ လွှတ်တော်ကျင်းပသွားမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ကြိုပို့သွားလာရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တည်းခိုနေရာချထားသွားမည့် အစီအစဉ်များနှင့် ရုံးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ကော်မတီ (၉) ခုမှ တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေး ကျင်းပစဉ်ကာလအတွင်း မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှတ်တော်အစည်း အဝေးခန်းမ၊ လွှတ်တော်ကိုယ်စားလှယ်များ နားနေခန်း၊ ရုံးခန်းများနှင့် အိပ်ဆောင်အဆောက်အဦများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)