ဆားလင်းကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး တုံကင်စာရွက်ဖြတ်ပိုင်းများ အိမ်တိုင်ရာရောက် ဖြန့်ဝေပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အချိန်ကြန့်ကြာမှုမရှိစေရန်နှင့် ဆန္ဒမဲပေး ရာတွင် လွယ်ကူလျင်မြန်စေရေး၊ မဲဆန္ဒရှင်များ၏ မဲစာရင်းအမှတ်စဉ်များ ကြိုတင်သိရှိနိုင်ရေး တို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် တိုကင်စာရွက်များ လိုက်လံပေးဝေလျက်ရှိကြောင်း သိရသည်။