ဖောင်းပြင်မြို့၌ ဝက်သားဈေးကောင်းသဖြင့် မွေးမြူရေးလုပ်ကိုင်သူများအဆင်ပြေ
ဖောင်းပြင်မြို့၌ ဝက်အစာများဖြစ်သည့် ဖွဲနှင့်ဆန်ကွဲတို့မှာ လိုသလောက်လွယ်ကူစွာ ဝယ်ယူ ရရှိနိုင်ပြီး ဝက်သားဈေးကောင်းသဖြင့် ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း အင်ကြင်းမြိုင်ရပ်ကွက်တွင် မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်မြင့် ထံမှသိရသည်။