စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစုံ ၂၀၁၁၄၉ ဧကလျာထားစိုက်ပျိုးမည်

ကန့်ဘလူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ မြေပဲ ၉၅၂၆၈ ဧက၊ နှမ်း ၉၆၇၁၆ ဧက၊ မုန်ညှင်း ၅၆၃ ဧက၊ နေကြာ ၃၀၄၄ ဧကနှင့်ပန်းနှမ်း ၅၅၅၈ ဧက စုစုပေါင်း ၂၀၁၁၄၉ ဧက စိုက်ပျိုးရန် လျာထားပြီး မြို့နယ်အတွင်းသာမက ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် သက်ဆိုင်ရာမိတ်ဖက်ဌာနများ၊ ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ အောင်မြင်အောင်အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး‌ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ မီးလောင်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူများ စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌  မီးလောင်မှုမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ စခန်းမှူး ဦးစောမျိုးထိုက်နှင့်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီအချိန်က မြို့မစည်ပင်သာယာဈေးတွင် မီးဘေးကြိုတင်ကကာကွယ်ရေး စစ်ဆေးမှုများ ပြုလုပ်သည်။

ဖောင်းပြင်မြို့တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌  (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်ပညာရေးမှူးဖလား အလယ်တန်းအဆင့် ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးအားကစား ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ ရက်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပ ပြုလုပ်သည်။

စစ်ကိုင်းမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့်မီးဘေး လုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များ၊ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ ၌ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်မှုလက်တွေ့ဆောင်ရွက်ခြင်းများကို စဥ် ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက်နံနက်က ကန့်ဘလူမြို့ရှိ မြင့်မိုရ်ကိုယ်ပိုင် ကျောင်းနှင့်ရဲမာန်ကိုယ်ပိုင်အထက်တန်းကျောင်များ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့ပေါ်ရှိ ဆန်စက်၊ ဆီစက်များ၌ မီးဘေးလုံခြုံရေးစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် မီးဘေးလုံခြုံရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၇ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဆန်စက်၊ ဆီစက်များ၌ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကလေးဝမြို့တွင် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့်မျိုးစေ့များပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ(ဌာနအစီအစဉ်)ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

ကသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကသာမြို့ ခမရ (၃၀၉) ခြေမြန်တပ်ရင်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များအား ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

စစ်ကိုင်းမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များမှ ငလျင်ဘေးသင့်သီလရှင်ကျောင်းတိုက်များသို့ ဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများကိုအောက်တိုဘာလ ၂၈ ရက်နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး