စစ်ကိုင်းတိုင်းဒေသကြီး

ကန့်ဘလူမြို့၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်၊ နံရံကပ် စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၂၇ ရက်နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ညောင်အိုင်၌ ကျင်းပသည်။

ကလေးဝမြို့တွင် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ (ဌာနအစီအစဉ်) ဖြင့်  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် မျိုးစေ့များပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကန့်ဘလူမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များ စုပေါင်းကထိန်အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့၌  တိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် မိသားစုနှင့် အလှူရှင်များ၏ စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို အောက်တိုဘာ ၂၆ ရက်နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ် သက်တမ်းအတွက် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅-၂၀၂၈ ခုနှစ်သက်တမ်းအတွက် အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပွဲကို အောက်တို ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ ကြီးကြပ်မှုကော်မရှင်ဥက္ကဋ္ဌ ဦးတင်ကိုကိုနှင့်အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖိတ်ကြာထား‌သော လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရေဦးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာပြပွဲ ပြုလုပ်

ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်တွင် စာပေဖတ်ရှုလိုစိတ်ဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်‌‌ရေးရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ရေဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာပြပွဲ ပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့ အ-မ-က (၁၁) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်းကာ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရေး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ-မ-က(၁၁)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်း ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းနှင့် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကသာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များကို အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဖြင့် သန့်ရှင်း သာယာလှပသော ပတ်ဝန်းကျင်၊ ကျန်းမာပျော်ရွှင်သော လူ့ဘောင်အဖွဲ့အစည်းနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးတည်ထောင်နိုင်ရန်တို့ကို ရည်ရွယ်၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ကသာမြို့ ပတ္တမြားဈေးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး