စစ်ကိုင်းတိုင်းဒေသကြီး

ဖောင်းပြင်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များအား စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၄ ရက်နေ့ နေ့လယ် (၁) နာရီက ဖောင်းပြင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နာဂဒေသ လဟယ်မြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် mountain home ကုမ္ပဏီမှ တင်ဒါအောင်ဆောင်ရွက်ခဲ့သည့် လဟယ်မြို့ဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မြေထိန်းနံရံ အလျား (၃၅၀)ပေထု (၂) ပေထု၊ အမြင့် (၇) ပေဆောင်ရွက် ခြင်းလုပ်ငန်းနှင့်ခြံစည်းရုံး chain link အရှည် ၅၇၅ ပေ၊ အမြင့် ၅ ပေ ကာရံခြင်း၊ ရုံးသံပန်းတံခါး ၁၅ ပေ၊ ၇ ပေ၊ ၆ ပေ သံပန်းတံခါးတပ်ဆင်ခြင်းလုပ်ငန်းနှင့် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် ကျေးလက်ဒသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ရုံးအဝင်လမ်း အလျား (၂၀၀) ပေအကျယ် (၁၂) ပေ ထု(၇) လက်မထုကွန်ကရစ်ခင်းခြင်း၊ အုတ်တံတိုင်း သံပန်းခြံစည်းရိုး အလျား(၄၁၂)အမြင့်(၆)ပေ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားခြင်းရှိ၊ မရှိကို (၂-၁၂-၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေဖွံ့ဖြိုး‌တိုးတက်‌ရေးဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးမှ ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သိရသည်။

ရေဦးမြို့တွင်  ဒို့အတူတူ မဲ ပေးကြမည် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင်  ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးရည် ရွယ်ပြီး ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် "ဒို့အတူတူ မဲပေးကြမည်" လက်ကမ်းစာစောင်များကို  စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင်၊ ရေဦးမြို့၌ ယမန်နေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများနှင့် ရပ်ကွက်အတွင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၄ ရက် နံနက် ၈ နာရီက “ ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး လူစည်ကားသောနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းပြီး၍ သွားလာရေးအဆင်ပြေကြောင်း သိရသည်။

ယင်းမာပင်မြို့၌ ကျောင်းပေါင်းစုံ ကျောင်းတွင်း အားကစားပြိုင်ပွဲများကျင်းပ

ယင်းမာပင်မြို့တွင် ကျောင်းပေါင်းစုံကျောင်းတွင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂)ရက်နေ့ နံနက် ၉ နာရီအချိန်က ယင်းမာပင်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသား သီချင်းများသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

မုံရွာမြို့တွင် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးကော်မတီမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် (၂၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ (၂) ရက်နေ့မှစတင်၍ အဆိုပါတက္ကသိုလ်ရှိ ယာယီဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပလျက်ရှိရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်းမှ ဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းမြို့၌ ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာ စောင်များကို စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းမြို့ရှိ ထုံးဘိုရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး Door to Door စနစ်ဖြင့် ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းများကို နိုဝင်ဘာ ၂၆ ရက်မှစတင်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရပ်ကွက်နှင့်ကျေးရွာများ၌ မဲစာရင်းများကို နေ့စဥ်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to စစ်ကိုင်းတိုင်းဒေသကြီး