ဖောင်းပြင်မြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်နေကြာကို သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများသည် စပါး၊ ပဲမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာ၊ ပန်းနှမ်းတို့ကို တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးကြရာမှ ယခုအခါ ဆီထွက် သီးနှံဖြစ်သည့်နေကြာကို သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း ပိုးစာကုန်းကျေးရွာက တောင်သူဦးတင်အောင်ထံမှသိရသည်။