စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကျင်းပ
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လေးကျွန်းမြေအုဌ်ကျောင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။