ရေဦးမြို့ အ.ထ.က(၁)တွင် မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပ
အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏အကျိုးဆက်များအကြောင်းသိရှိပြီး ကျန်းမာရေးနှင့်အညီ နေထိုင်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ ၁ နာရီက ရေဦးမြို့ အ.ထ.က(၁) ပညာရတနာခန်းမတွင်မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။