ကျောက်တံခါးမြို့နယ်တွင် အသက် (၁) မှ အသက် (၅) နှစ်အထိ ကလေးငယ်များအား (၅) မျိုးစပ် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရပ်ကွက်နှင့်ကျေးရွာများရှိ အသက် (၁) နှစ်မှ အသက် (၅) နှစ်အထိ ကလေးငယ်များအား (၅) မျိုးစပ်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က စျေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။