ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ဆန်များ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး နေ့စဉ် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဧရာဝတီတိုင်းဒေသကြီး ဒေသကော်မတီ(၅)မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့် လူတစ်ဦးလျှင်အချွန်ဆန် (၂)ပြည်နှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် အမှတ် (၃)ရပ်ကွက် ဆန်စက်၊ ဆန်ကုန်သည်များအသင်းတွင် အချွန်ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် စက်တင်ဘာလ (၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က ရောင်းချပေးလျက်ရှိကြောင်း သိရသည်။