ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့  ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ထေကြီး၊ ဝါကြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆန်၊ ဆီ၊ ဆေး၊ သင်္ကန်းနှင့် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့၊ နေ့လည်(၁)နာရီက ပုဏ္ဏားကျွန်းမြို့ မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်သို့သွားရောက် လှူဒါန်းခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အစီအစဉ်များသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေး ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ အဘိုး၊ အဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြေပုံမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည် နှိုးဆော်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် စက်လှေဆိပ်များသို့ သွားရောက်လှည့်လည် ကြေငြာသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ​မော်လမြိုင်မြို့၊ သံလွင်​ဈေး တိုးချဲ့အဆင့်မြှင့်ခြင်း၊ ကမ်းနားလမ်းရှိ အပန်း​ဖြေ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ဆောင်နိုင်ရေး  ဆောင်ရွက်ခြင်း လုပ်ငန်းများအား ကြည့်ရှု စစ်​ဆေး

မွန်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်​ဒေသများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ​ရောင်းဝယ်​ဖောက်ကားမှု အဆင်​ပြေ​ ချော​မွေ့​စေ​ရေးအတွက် ​ဈေးများအား အဆင့်မြှင့်တင် တည်​ဆောက်​ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ​မော်လမြိုင်မြို့၊ သံလွင်​ဈေး တိုးချဲ့ အဆင့်မြှင့်တင် တည်ဆောက်နေမှု အ​ခြေအ​နေများအား ကွင်းဆင်းကြည့်ရှု စစ်​ဆေးခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီ တွင် အ.ထ.က ကော့ကပ်ကြီး တွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ပေါက်ခေါင်းမြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင် ဦးဆောင်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်မြို့နယ်စိုက်ပျိုး‌ ရေးဦးစီးဌာနဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၅၀)သန်းဖြင့်ဆောင်ရွက်သည့်

ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာ နှင့်အဖွဲ့မှ ပြည်ခရိုင် ရွှေတောင်မြို့နယ် သရက်တောရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် သားဖွားဆောင်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်တွေ့ဆုံခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် (၁၃) ဦး အားတစ်ဦးလျှင်ငွေသား (၅၀၀၀ိ/-) ကျပ်နှင့် အဟာရပြည့်ဝစေသည့် အစားအစာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ