အုတ်တွင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာနေ တောင်သူ ဦးသန်းနိုင်၏ လယ်မြေ၌ နွေစပါးစံကွက် ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း (၂) နာရီခွဲ အချိန်က အဆိုပါကျေးရွာတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။